International News

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ဥရောပအာရှစီးပွားရေးကော်မရှင်(Eurasian Economic Commission - EEC)၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးတာဝန်ခံ Mr. Sergei Glazyev နှင့် မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၁၅-၆-၂၀၂၃ ရက်နေ့တွင် စိန့်ပီတာစဘတ်နိုင်ငံ တကာစီးပွားရေးဖိုရမ် (St. Petersburg International Economic Forum - SPIEF) ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း TASS သတင်းဌာနက ရေးသားဖော်ပြ သည်။

စီးပွားရေးအသိုင်းအဝိုင်းများသည် မကြာမီတွင် ဆက်ဆံရေးထူထောင်ရန် နောက်ထပ်အခွင့်အရေးများရရှိမည်ဟု ယုံကြည်ကြောင်း၊ ပူးတွဲရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ကြောင်း Glazyev က ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံနှင့် EEC နိုင်ငံများအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံတစ်ခုကို ဖန်တီးခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပြီး လုပ်ဆောင်ရန် ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ လာမည့်လတွင် ၎င်းတို့၏ စီးပွားရေးနယ်ပယ်အကြား ကုန်သွယ်ရေးအတားအဆီးများဖယ်ရှားရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ပူးတွဲစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းသစ်များဖန်တီးရေး စသည့်လုပ်ငန်းဆောင်တာများဆိုင်ရာ အစီအစဥ်များကို ရေးဆွဲပြီး စတင်ဖြေရှင်းနိုင်မည်ဟု ထင်မြင်ကြောင်း Glazyev က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ Glazyev ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူ းတင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါစာချွန်လွှာသည် စိုက်ပျိုးရေးကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ နယ်ပယ်အသီးသီးကို ထင်ဟပ်စေကြောင်း၊ လက်မှတ်ရေးထိုးပြီးနောက် တာဝန်ဝတ္တရားများကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်အောင်မြင်မည်ဟုမျှော်လင့်ပါကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားခဲ့သည်။

၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်(SPIEF)ကို ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိပါသည်။ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်မှာ “အချုပ်အခြာအာဏာ ဖွံ့ဖြိုးတိုးတက်မှုသည် တရားမျှတသောကမ္ဘာ၏အခြေခံ ဖြစ်သည်၊ အနာဂတ်မျိုးဆက်သစ်များအတွက် ပူးပေါင်းပါဝင်ကြပါစို့” ဖြစ်ပါ သည်။

SPIEF ၏ကျယ်ပြန့်သောစီးပွားရေးအစီအစဉ်တွင် တက်ရောက်သူကိုယ်စား လှယ်များသည် အစည်းအဝေးပေါင်း ၁၄၀ ကျော်၌ ပါဝင်ရန် အခွင့်အလမ်းများရှိကြောင်း အခမ်းအနားစီစဉ်သူ Roscongress Foundation ၏ အဆိုအရ သိရှိရပါသည်။ အစဉ်အလာအတိုင်း ၁၆-၆-၂၀၂၃ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် SPIEF ၏ မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်။

Source :   https://tass.com/economy/1632869

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News